တည်နေရာနှင့် အကျယ်အဝန်း
အစိုးရနည်းပညာအထက်တန်းကျောင်း(ကလေး)သည် စစ်ကိုင်းတိုင်းဒေသကြီး,ကလေးခရိုင်၊ကလေးမြို့၏တောင်ဘက်(၅)မိုင်အကွာ၊ကလေး-ဂန့်ဂေါလမ်း၏အနောက်ဘက် ထိုမာကျွေးရွာအုပ်စု၊ သာယာဝတီရွာ အနောက်ဘက်တွင် နည်းပညာတက္ကသိုလ်(ကလေး)နှင့်ကပ်လျှက် တည်ရှိပါသည်။(၁၀)ဧက ကျယ်ဝန်းပါသည်။
ဖွဲ့စည်းတည်ထောင်ခဲ့သည့်ခုနှစ်သမိုင်းကြောင်း
အစိုးရနည်းပညာအထက်တန်းကျောင်း(ကလေး)ကို ၂၀၀၉ခုနှစ်၊မေလ (၉)ရက်နေ့တွင် နည်းပညာ တက္ကသိုလ် (ကလေး) ကျောင်းဟောင်းဝင်းအတွင်း၌ စတင်ဖွင့်လှစ်ခဲ့ပါသည်။ကျောင်းအုပ်ကြီးအဖြစ် ဦးကျော်ကျော်ဦး ME (Mech), ပါမောက္ခ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ
စဉ် | အမည် | ပညာအရည်အချင်း | တာဝန်ထမ်းဆောင်ခဲ့သည့်ကာလ |
---|---|---|---|
၁ | ဦးကျော်ထွဋ်အောင် | BE(Mech) | (၁၁.၄.၂၀၀၉)မှ (၈.၂.၂၀၁၀) |
၂ | ဦးရဲစိုးထူး | ME(EC) | (၉.၂.၂၀၁၀)မှ (၄.၄.၂၀၁၇) |
၃ | ဒေါ်သီတာဝင်း | ME(EP) | (၅.၄.၂၀၁၇)မှ (၈.၄.၂၀၁၈) |
၄ | ဦးကျော်ကျော်ဦး | ME(Mech) | (၉.၄.၂၀၁၈) မှ ယနေ့အထိ |